Wednesday, July 18, 2018

အချစ်

" အချစ် "


လှရိပ်ရစ်မူး

ရွယ်သစ်ဖူး

ချစ်ဦးဘယ်ကစ။


နှလုံးအစုံ

ရွှေရင်ခုန်

ပန်းငုံဖူးကာစ။


ပျော်ရွှင်ကြည်နူး

ပီတိထူး

ရွယ်စူးချစ်တာစ။


သိပ်ချစ်မိမှ

လွန်တမ်းတ

လွမ်းညဒီကစ။


ချစ်တယ် ချစ်တယ်

သိပ်ချစ်တယ်

နုနယ်ဖူးသစ်စ။


အချစ်အကြောင်း

တွေးလို့ကောင်း

နှစ်ထောင်းလွန်အားရ။ ။


" သစ်ရိပ်ညို "

No comments:

Post a Comment